မာတိကာသို့ ခုန်သွားရန်

ကိုင်ဇာ

ဝီကီပီးဒီးယား မှ
ကိုင်ဇာ
မွေးဖွားဦးညီညီဝင်း
(1961-02-18)ဖေဖော်ဝါရီ ၁၈၊ ၁၉၆၁
ထားဝယ်မြို့
ကွယ်လွန်ဩဂုတ် ၂၂၊ ၂၀၂၆(2026-08-22) (အသက် ၆၅)
ရန်ကုန်မြို့
နိုင်ငံလူမျိုးမြန်မာ
လူမျိုးဗမာ+ထားဝယ်
အလုပ်အကိုင်အဆိုတော်၊ တေးရေးဆရာ
ကျော်ကြားမှုအရင်းခံမြန်မာ့စတီရီယိုဂီတ
မိဘများ
  • စိန်ဝင်း (ဖခင်)
  • သန်းသန်း (မိခင်)

ကိုင်ဇာ (၁၈ ဖေဖော်ဝါရီ ၁၉၆၁ – ၂၂ ဩဂုတ် ၂၀၂၆) သည် တေးရေးနှင့် အဆိုတော်တစ်ဦးဖြစ်သည်။ [၁]၁၉၇၇ ခုနှစ်တွင် အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ တေးစီးရီးဖြင့် စတူဒီယိုဂီတလောကသို့ ဝင်ရောက်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်များနှောင်းပိုင်းနှင့် ၁၉၈၀ ပြည့်နှစ်များတွင် မြန်မာ့စတီရီယိုဂီတလောက၌ ထင်ရှားကျော်ကြားလာခဲ့သူ ဖြစ်သည်။[၂]

ထားဝယ်ရိုးရာ မိုးခေါ်တေးကို ပြန်လည်ဆန်းသစ်ထားသည့် “ရွာလိုက်ပါ…မိုး” အပါအဝင် ထားဝယ်ဒေသအကြောင်း သီချင်းများသည် ကိုင်ဇာက၏ ဂီတဘဝတွင် အထူးထင်ရှားခဲ့သည်။ ထို့အပြင် ၎င်း၏ ကိုယ်ပိုင်ဟန်ဖြင့် ဖန်တီးသီဆိုခဲ့သော တေးသီချင်းများသည်လည်း ခေတ်တစ်ခေတ်၏ ဂီတလောကတွင် ရေပန်းစား လူကြိုက်များခဲ့သည်။[၃]

ဘဝဖြတ်သန်းမှု

[ပြင်ဆင်ရန်]

ကိုင်ဇာသည် ဗမာ+ထားဝယ်လူမျိုး တစ်ဦးဖြစ်ပြီး အမည်ရင်းမှာ ဦးညီညီဝင်း ဖြစ်သည်။ ကိုင်ဇာကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထားဝယ်မြို့၌ မွေးဖွားခဲ့ပြီး ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့တွင်နေထိုင်ခဲ့သည်။ မိဘများမှာ ဖခင် နိုင်ငံတကာရေးရာသတင်းစဉ် (မြန်မာ့အလင်း) အယ်ဒီတာချုပ် ဦးစိန်ဝင်း နှင့် မိခင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းတို့ဖြစ်သည်။တေးသံရှင် ကိုင်ဇာသည် အနုပညာသွေးပါသော မိသားစုဆွေမျိုးအသိုင်းအဝိုင်းမှ ဆင်းသက်လာသူဖြစ်သည်။ သူ၏ အစ်ကိုဖြစ်သူမှာ တေးရေး ဆီဇာ (ခေါ်) ဦးကိုကိုဝင်း ဖြစ်ပြီး၊ စာရေးဆရာမ သင်းသင်းသာ တို့နှင့်ညီမဝမ်းကွဲ တော်စပ်သူဖြစ်သည်။[၄]

ကိုင်ဇာသည် ရန်ကုန်တက္ကသိုလ်၌ ၁၉၇၉ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တက္ကသိုလ်ကျောင်းသားဘဝကို ဖြတ်သန်းခဲ့သည်။ လေးနှစ်တက်ရမည့် တက္ကသိုလ်ပညာရေးကို ဆယ်နှစ်ခန့် တက်ရောက်ခဲ့ပြီး ပထမနှစ်ကို ၁၉၇၉ ခုနှစ်တွင် စတင်တက်ရောက်ခဲ့သည်။ ထိုအချိန်က ရန်ကုန်တက္ကသိုလ်ကို Regional College သုံးခုနှင့် ဝိဇ္ဇာ၊ သိပ္ပံ ပင်မတက္ကသိုလ်ဟူ၍ ခွဲခြားထားရာ ကိုင်ဇာသည် Regional College 2 တွင် တက်ရောက်ခဲ့ပြီး ဒုတိယနှစ်မှစ၍ လှိုင်နယ်မြေတွင် ပညာသင်ကြားခဲ့သည်။ ထို့နောက် ကိုင်ဇာသည် နောက်ဆုံးနှစ် ရူပဗေဒစာမေးပွဲကို မဖြေဆိုခဲ့သဖြင့် ဘွဲ့မရရှိခဲ့ပေ။[၅][၆]

ဂီတဖြတ်သန်းမှု

[ပြင်ဆင်ရန်]

ကိုင်ဇာသည် ၁၉၇၇ ခုနှစ်တွင် အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ တေးစီးရီးဖြင့် စတူဒီယိုဂီတလောကသို့ ဝင်ရောက်ခဲ့သည်။ ထိုနောက် ကိုယ်ပိုင်တေးဂီတအဖွဲ့ Success (ဇိန) နှင့်အတူ တေးသီချင်းများ ဖန်တီးသီဆိုခဲ့ပြီး စတီရီယိုခေတ်ဦး၏ ထင်ရှားသော တေးရေး၊ တေးဆိုတစ်ဦး ဖြစ်လာခဲ့သည်။[၂]ကိုင်ဇာသည် တေးအယ်လ်ဘမ်ပေါင်း ၂၀ ထွက်ရှိခဲ့ပြီး သီချင်းပုဒ်ရေ ၂၀၀ ကျော် သီဆိုထုတ်ဝေခဲ့သည်။[၇]ကိုင်ဇာ၏ တေးသီချင်းများသည် လူကြီးများသာမက လူငယ်များအကြားတွင်လည်း နှစ်သက်အားပေးခြင်းခံခဲ့ရသည်။ သူ၏ တေးရေးဆရာများတွင် စောဘွဲ့မှူး၊ နိုင်မြန်မာ၊ စိုးလွင်လွင်၊ မောင်မော်ဈာန်နှင့် သုခမိန်လှိုင် တို့ ပါဝင်သည်။ ကိုင်ဇာသည် အောင်မြင်သော တေးရေးဆရာတစ်ဦးလည်းဖြစ်ပြီး မေဆွိ၊ မေခလာ တို့နှင့် စုံတွဲသီချင်းများ သီဆိုခဲ့ပြီး အောင်မြင်ခဲ့သည်။[၁][၈]ကိုင်ဇာသည် အဆိုတော်အဖြစ်သာမက တေးရေးဆရာတစ်ဦးအဖြစ်လည်း ထင်ရှားခဲ့သည်။ သူ၏ ဂီတလက်ရာများတွင် ကိုယ်တိုင်ရေးစပ်သီဆိုခဲ့သည့် သီချင်းများအပြင် အခြားတေးရေးဆရာများ ရေးစပ်ပေးခဲ့သည့် သီချင်းများလည်း ပါဝင်ခဲ့သည်။[၉] တေးရေးဆရာ နိုင်မြန်မာ ရေးသားသည့် သီချင်းများကိုလည်းသီဆိုခဲ့သည်။[၁၀]

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ယာယီအမှုဆောင်အဖွဲ့တွင် ကိုင်ဇာအား ဥက္ကဋ္ဌတာဝန် ပေးအပ်ခဲ့သည်။ သို့သော် ကိုင်ဇာက ကျန်းမာရေးအခြေအနေကြောင့် တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိကြောင်း နုတ်ထွက်စာတင်ခဲ့ပြီး အဆိုပါရာထူးမှ နုတ်ထွက်ခဲ့သည်။[၁၁][၁၂]

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ကိုင်ဇာသည် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံ၌ အဆုတ်ထဲပိုးဝင်သဖြင့် ICU အရေးပေါ်ခန်းတွင် ဆေးကုသမှုခံယူနေရင်း ည ၈ နာရီဝန်းကျင်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၆ နှစ်ဖြစ်သည်။[၂][၄]တေးသံရှင် ကိုင်ဇာ၏ ဈာပနကို ဩဂုတ် ၂၄ ရက် နေ့လယ်ပိုင်းတွင်  ရေဝေးသုသာန် ၌ ကျင်းပခဲ့သည်။[၁၃]

ထွက်ရှိခဲ့သော တေးအယ်လ်ဘမ်နှင့် တေးသီချင်းများ

[ပြင်ဆင်ရန်]

ကိုင်ဇာ၏ ထင်ရှားသော တေးအယ်လ်ဘမ်များတွင် အောက်ပါတို့ဖြစ်သည်။[၁][၈]

  1. အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ (၁၉၇၇ အသံသွင်း၊ ၁၉၇၈ ဖြန့်ချိ) တေးသီချင်း ၁၆ ပုဒ်၊ တေးဂီတ Success
  2. အလွမ်း (၁၉၇၈) တေးသီချင်း ၁၇ ပုဒ်၊ တေးဂီတ E Machine, အသံဖမ်း ဦးဘသိန်း၊ မူပိုင် ဥဩ တေးဂီတ ထုတ်လုပ်ရေး
  3. အနမ်းပန်း (၁၉၇၉) တေးသီချင်း ၁၈ ပုဒ် (မေဆွိနှင့် တွဲဖက်) တေးဂီတ The Aces ၊ အသံဖမ်း ရဲခေါင် (မေ)၊ မူပိုင် ဥဩ တေးဂီတထုတ်လုပ်ရေး
  4. မနိုးပါစေနဲ့ မိုးရယ် (တေးသီချင်း ၁၈ ပုဒ်) (၁၉၈၀) တေးဂီတ Success ၊ အသံဖမ်း ရဲခေါင် (မေ)၊ မူပိုင် ဥဩ တေးဂီတထုတ်လုပ်ရေး
  5. နောက်တစ်ခေါက်လောက်ထပ်ပြောပါ (၁၉၈၁ ဧပြီ) တေးသီချင်း ၁၉ ပုဒ်၊ တေးဂီတ The Aces တေးပန်းချီ၊ အသံဖမ်း ရဲခေါင် (မေ)၊ မူပိုင် တေးရိပ်သာ တေးသံသွင်း၊ ဖြန့်ချိရေး တေးသံမြိုင် တေးသံသွင်း
  6. သီချင်းရှင်ကိုကြင်နာပါ (၁၉၈၁ စက်တင်ဘာ)
  7. ကစ္ဆပနဒီလှိုင်းသံ (၁၉၈၂ ဩဂုတ်) တေးသီချင်း ၁၄ ပုဒ်၊ တေးဂီတ Success၊ အသံဖမ်း ရဲခေါင် (မေ)၊ မူပိုင် ဥဩမောင်မောင်၊ ဖြန့်ချိရေး ဥဩတေးသံသွင်း
  8. တူနှစ်ကိုယ်တိုင်းပြည် (၁၉၈၃) တေးသီချင်း ၁၄ ပုဒ်၊ စုံတွဲ ၂ ပုဒ်၊ မေဆွိ ၂ ပုဒ် (မေဆွိနှင့် တွဲဖက်)၊ တေးဂီတ Success၊ အသံဖမ်း ကိုရဲခေါင်၊ ကြည်မင်းသိန်း၊ ကျော်ကျော် (မေ စတူဒီယို)၊ မူပိုင် ဥဩမောင်မောင်၊ ဖြန့်ချိရေး ရွှေဥဩ တေးသံသွင်း
  9. "မာနမင်းသား" ရုပ်ရှင်ဇာတ်ဝင်တေး (၁၉၈၅ မတ်လ ၁ ရက်) The Aces တေးဂီတ၊ အသံဖမ်း ရဲခေါင် (မေ)
  10. အိပ်မက်များကို တီထွင်သူ (၁၉၈၅) တေးသီချင်း ၁၄ ပုဒ်၊ တေးဂီတ Success ၊ အသံဖမ်း ရဲခေါင် (မေ)၊ မူပိုင် ဥဩမောင်မောင်၊ ဖြန့်ချိရေး ဥဩတေးသံသွင်း
  11. "ဂန္ထဝင်ရုပ်ရှင်တေးများ" (၁၉၈၇) အခြားအဆိုတော်များ နှင့် တွဲဖက်၊ တေးဂီတ ကြည်သာနှင့်သူငယ်ချင်းများ ၊ အသံဖမ်း ရဲခေါင် (မေ) ၊ မူပိုင် ဥဩမောင်မောင်၊ ဖြန့်ချိရေး ရွှေဥဩတေးသံသွင်း
  12. မောင့်ဒေဝစ္ဆရာ (၁၉၈၈ ဇန္နဝါရီ) တေးဂီတ Success နှင့် ဟန်ငွေထွန်း၊ ရွာစား ဆန်းဝင်းကျော် မင်္ဂလာဆိုင်း၊ စန္ဒရားလှထွဋ်၊ စန္ဒရားစိန်သောင်း၊ ကြည်သာ (ပွဲကြိုက်ခင်) ၊ တယောကိုစိုးမင်း (မြန်မာ့အသံ) ၊ ဟာမိုနီ ထူးအိမ်သင်၊ မေခလာ၊ ကိုင်ဇာ၊ စုံတွဲ အဆို မေခလာ၊ အသံဖမ်း ရဲခေါင် (မေ)၊ မူပိုင် ဥဩ မောင်မောင်၊ ဖြန့်ချိရေး ရွှေဥဩတေးသံသွင်း
  13. လူတွေသိလေ ပိုကောင်းလေ (မေဆွိနှင့် တွဲဖက်)
  14. ချမ်းလည်းချမ်းတယ် လွမ်းလည်းလွမ်းတယ် (၁၉၈၆) တေးသီချင်း ၁၄ ပုဒ်၊ တေးဂီတ Success ၊ အသံဖမ်း ရဲခေါင် (မေ) ၊ မူပိုင် ဥဩမောင်မောင်၊ ဖြန့်ချိရေး ရွှေဥဩတေးသံသွင်း
  15. မြင်းမိုရ်တောင်တက်သမား
  16. အချစ်ဆိုသည်မှာ
  17. မြန်မာပြည်ကိုလွမ်းတယ်
  18. လွမ်းလိပ်ပြာရဲ့ ကိုယ်ပိုင်သံစဉ် (၁၉၉၆) တေးဂီတ မဟာ၊ အသံဖမ်း အိုအေစစ်၊ မူပိုင် မဟာ
  19. နိုင်ငံကျော် (၁၉၉၇) တေးသီချင်း ၁၂ ပုဒ်၊ တေးဂီတ Iron Cross ၊ အသံဖမ်း လင်း + ကိုင်ဇာ Workstation ၊ မူပိုင် ဥဩမောင်မောင်
  20. ဂီတရာဇဝင် (၁+၂)
  21. ရာဇဝင်တွင်မယ့်မိုး
  22. မောင့်ငယ်ဖော်ကို လွမ်းတဲ့ည
  23. "ကမ္ဘာတည်ရှိသရွေ့" မေဆွိနှင့် တွဲဖက်၊ အင်ပါယာ တေးဂီတ၊ အသံဖမ်း ဝေထွန်း (နဝရတ် စတူဒီယို)၊ မူပိုင် စပါယ်ဦးတေးသံသွင်း

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 ကိုင်ဇာ တကိုယ်တော်တေးဂီတဖျော်ဖြေပွဲ ရန်ကုန်တွင်ကျင်းပမည်။ DVB (၁၉ နိုဝင်ဘာ ၂၀၁၉)။ ၂၃ ဩဂုတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  2. 1 2 3 "ဝါရင့် တေးရေး/တေးဆို ကိုင်ဇာ ကွယ်လွန်" (in my)၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)၊ ၂၃ ဩဂုတ် ၂၀၂၆။
  3. ↑ Watch၊ Dawei (2026-08-23)။ တေးသံရှင် ကိုင်ဇာ၏ ဈာပန မနက်ဖြန် ကျင်းပမည် (in en)။ 2026-08-24 တွင် ပြန်စစ်ပြီး။
  4. 1 2 "တေးသံရှင် ကိုင်ဇာရဲ့ ဈာပနကို ရေဝေးသုဿာန်မှာ မနက်ဖြန် ပြုလုပ်ဖို့ရှိ" (in my)၊ BBC News မြန်မာ၊ ၂၃ ဩဂုတ် ၂၀၂၆။
  5. ↑ "တေးသံရှင် ကိုင်ဇာ ဦးဆောင် ပြုလုပ်မယ့် "လိမ္မော်ရောင်ကောလိပ် ဂီတည"" (in my)၊ ဧရာဝတီ၊ ၂၃ စက်တင်ဘာ ၂၀၁၈။
  6. ↑ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် အမှတ်တရရင်တွင်းစကားသံများ (in my)။ ၂၃ ဩဂုတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  7. ↑ "ကိုင်ဇာ တကိုယ်တော်တေးဂီတဖျော်ဖြေပွဲ ရန်ကုန်တွင်ကျင်းပမည်" (in my)၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)၊ ၁၉ နိုဝင်ဘာ ၂၀၁၉။
  8. 1 2 "တေးရေး၊ တေးဆို ကိုင်ဇာ ကွယ်လွန်" (in my)၊ Voice of Myanmar၊ ၂၂ ဩဂုတ် ၂၀၂၆။
  9. ↑ "ဝါရင့် တေးရေး/ တေးဆို ကိုင်ဇာ ကွယ်လွန်" (in my)၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)၊ ၂၃ ဩဂုတ် ၂၀၂၆။
  10. ↑ "မဲဆောက်မြို့မှာကျင်းပတဲ့ ကွယ်လွန်သူ တေးရေးနိုင်မြန်မာ ဂုဏ်ပြုပွဲ" (in my)၊ Radio Free Asia၊ ၁၀ ဖေဖော်ဝါရီ ၂၀၂၅။
  11. ↑ "အဆိုတော် ကိုင်ဇာ ကျန်းမာရေးကြောင့် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်မည် မဟုတ်" (in my)၊ ဧရာဝတီ၊ ၄ ဇွန် ၂၀၂၁။
  12. ↑ "စစ်အုပ်စုဩဇာခံ ဂီတအစည်းအရုံးတွင် ပါဝင်ခြင်းမရှိဟု ဂီတအနုပညာရှင်များ ထုတ်ပြန်" (in my)၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)၊ ၄ ဇွန် ၂၀၂၁။
  13. ↑ နိုင်ငံကျော် စတီရီယိုတေးသံရှင် ကိုင်ဇာ၏ ဈာပနအခမ်းအနားကျင်းပ (ဓာတ်ပုံ) (in my)။ 2026-08-24 တွင် ပြန်စစ်ပြီး။